စလင်း ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား အသက် (၂) နှစ်အထိ လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်မှ စတင်ကာ စျေးမှရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေး ဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးငယ်များအား BCG ရောဂါကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေးနှင့် ဆုံဆို့နာကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့်၊ ကာကွယ်ဆေးများကို လစဥ်ပုံမှန်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများနှင့် မြို့နယ်မိခင်နှင့်ကလေးဆေးပေးခန်းတို့တွင် ထိုးနှံပေးလျက်ရှိရာ ကိုယ်ဝန်ဝန်ဆောင်မိခင်ပေါင်း (၁၀၀) ခန့် ထိုးနှံပြီးစီးကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း