ကျိုင်းတုံမြို့၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇွန် ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းက  ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ကျိုင်းအင်းဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ရပ်ကွက်/ ကျေးရွာ လုံခြုံအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအမှားအမှန် ခွဲခြားသိရှိနိုင်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ပညာရေး အစရှိသောကဏ္ဍများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြကာ ဒေသခံများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများသို့ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူ (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်