ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဘုတ်ပြင်း ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိစေတီတော်တောင်ခြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ကျော်အောင်နှင့် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် အ.ထ.က - ဘုတ်ပြင်းကျောင်းအုပ်ကြီးတို့အား စိုက်ပျိုးမည့်ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ပျဉ်းကတိုး ပျိုးပင်(၂၅၀)ပင်၊ မဟော်ဂနီပျိုးပင်(၅၀) ပင် ၊ သင်္ကန်းပျိုးပင်(၄၀)ပင်၊ မန်ဂျာရှားပျိုးပင်(၂၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၅၄၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

(ပြန်/ဆက်)