ကော့မှူးတွင် အသက်တစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်တစ်နှစ်မှ ငါးနှစ်အောက်ကလေးများအား ဒုတိယအကြိမ် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်း Catch Up immunization လှုပ်ရှားမှုအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်က မြို့သစ်ရပ်ကွက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ထိုးနှံပေးနေကြောင်း သိရသည်။