ဘီးလင်းမြို့နယ်၌ ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် မုသင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူ လက်ဝယ်အရောက် ငှားရမ်းပေး

ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့သွားရောက်၍ သုတ/ရသစာအုပ် (၇၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က နည်းပညာတက္ကသိုလ် (မိတ္ထီလာ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြိုနယ်တွင် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှဘေးအန္တရာယ် လုပ်ငန်းလိုင်စင်များ လျှောက်ထားမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှဘေးအန္တရာယ် လုပ်ငန်းလိုင်စင်များလျှောက်ထားမှုအပေါ်မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်လ (၄) ရက်နေ့ က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကန့်ဘလူ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပြည်သူလူထုကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန် ၅ ရက်နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်လှုပ်ရှားမှုများရှိစေရန် ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျန်မာရေးဆရာမများမှ ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သိထိုက်သည့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်လှုပ်ရှားမှုများရှိစေရေး လိုအပ်သောအသိပညာ မြှင့်တင်ခြင်းဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင်အသက် (၇၀) နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ပြည်သူလူထုလှုံ့ဆော်ရေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ပြည်သူလူထုလှုံ့ဆော်ရေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈:၁၅) နာရီအချိန်က မိုင်ဒါကွင်းရှေ့၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ ကျင်းပသည်။

ပခုက္ကူမြို့၌ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးကွင်းဆင်းဟောပြော

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးကွင်းဆင်းဟောပြောပွဲကို ဇွန်လ ၅ ရက် နံနက်၁၀နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့မကွက်သစ်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန် သစ်တော၊ သစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေနံနက် (၈) နာရီက ကော့ထော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
Subscribe to