ပုလော ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမဏ္ဍ တောင်သူများအား သွင်းအားစုဖိုးမပံ့ပိုးတည်ငွေ သိန်း (၄၁၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်မတည်ပံ့ပိုးငွေများကို အကျိုးရှိစွာအသုံးချရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက ပုလောမြို့နယ်အတွင်းရှိ အသင်းသားတောင်သူများနှင့် ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဧကထွက်နှုန်းတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်ဖြစ်သည့် ထွန်ယက်ခ၊ မျိုးစပါးနှင့် သွင်းအားစုများဝယ်ယူရန် ထုတ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမါယမအသင်းဝင်အသင်းသားတောင်သူ (၃၂) ဦးကို လယ်ဧက (၁) ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် လယ်ဧက ၂၀၅ ဧကအတွက် မတည်ပံ့ပိုး ငွေကျပ် သိန်း ၄၁၀ ကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)