ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှအသက်(၂)နှစ်‌အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

ဒိုက်ဦး ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌နေကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများက  အသက်(၂)လမှ အသက်(၂)နှစ်‌အောက် ကလေးငယ်များအား  ကြက်ညှာမေးခိုင်၊ ဆုံဆို့နာ၊ ဦး‌နှောက်အ‌မြှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)စသည့် (၅)မျိုးစပ်ကာကွယ်ဆေးထိုးနှံခြင်း‌ ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဆေးခန်းများတွင် လစဉ်လဆန်းရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)