မြို့နယ် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မိုင်းယုမြို့သို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ ဦးဆောင်သော မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းသည် ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု တာကြန့်ကျေးရွာနှင့် မိုင်းယုမြို့မ ရပ်ကွက်သို့လည်းကောင်း၊ နေ့လယ်ပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု ဒွန်းနွဲ့ကျေးရွာနှင့် မိုင်းလွေကျေးရွာအုပ်စု မိုင်းလွေကျေးရွာတို့၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။