နောင်ချို ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သို့ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီမှ သဖန်းကိုင်းပရဟိက ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး ဂေဟာဒုတိယအဆင့်တိုးမြှင့်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပုဂ္ဂလိက မူလတန်းကြိုကျောင်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်အမှတ် (၀၀၁/၂၁) ရရှိထားသော သဖန်းကိုင်းပရဟိက ကလေးသူငယ်များပြုစုစောင့်ရှောက်ရေး ဂေဟာအား ပထမအဆင့် (၃)နှစ်ပြည့်ခဲ့မှုအပေါ် ဒုတိယအဆင့် တိုးမြှင့်ရှောက်ထားရန်ကိစ္စများ၊ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းပြည့်သော ကိုယ့်အားကိုယ်ကိုး ပုဂ္ဂလိက မူတန်းကြိုကျောင်း(၃)ကျောင်းအား သက်တမ်းတိုးလျောက်ထားနိုင်ရေး ကိစ္စများအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည့်အပြင် ဦးစီးဌာန၏ညွှန်ကြားချက်အရ နောင်ချိုမြို့နယ်အတွင်း ဖွင့်လှစ်ထားသော တည်ထောင်ခွင့်ပြုမိန့် ရရှိထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၄)ကျောင်းနှင့် စိန့်အလွိုက်ရှက်မသန်စွမ်းဂေဟာတို့အား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အတူ နောင်ချိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။
ထွေးငယ်(ပြန်/ဆက်)