ကျိုင်းလပ် ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်၊ ထမင်းဆိုင်များနှင့် စားသုံးဆီဆိုင်များအား ထုတ်ပြန်ထားသေား စည်းကမ်းချက်များနှင့် အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၉) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို ကျိုင်းလပ်မြို့စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း ၍ စားသောက်ဆိုင်၊ ထမင်းဆိုင်များ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးဆီအရောင်းဆိုင်များ၌ စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချစေရေးတို့ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့် (ပြန်/ဆက်)