မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၅)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ၄ နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)နှင့် မောဒူဒီးဘိုးဟိုးခန်းမများသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)သို့သွားရောက်၍ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဂွမြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးများအား ဗီတာမင်(အေ)ဆေးတိုက်ကျွေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်   အသက် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးပေးခဲ့ ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။

တာချီလိတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော် သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အမရပူရမြို့တွင် Botanical Printing သင်တန်းဖွင့်လှစ်

အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက်၉ နာရီအချိန်ကမန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး လုပ်ငန်းကော်မတီနှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ပူးပေါင်းပြီး Botanical Printing သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်တန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအညီ သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဦးဆောင်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အဆင့်မြင့်အပ်ချုပ်စက်တင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းများကို ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာနှင့် ကျွန်းရောင်းကျေးရွာအုပ်စု၊ ရွှေဗဟိုကျေးရွာတို့တွင် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

မူဆယ်ခရိုင်၊ ဒုတိယရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ဝင်များက ရေကြီးမြေပြိုမှုဖြစ်ပွားသော မူဆယ်မြို့နယ်၊ နမ့်ပေါ်ကျေးရွာရှိ ဝေဠုဝန်ကျောင်းဝန်းအတွင်း လိုအပ်သည်များ သွားရောက်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယခုစက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့၍ နမ့်ပေါ်ကျေးရွာ၊ ဝေဠုဝန်ကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင်အပါအဝင် မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံကာ မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် မူဆယ်ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက သွားရောက်လျက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက၊ စံပြရပ်ကွက် အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to