“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက “ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်” ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ဇွန်လ(၃) ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် နေမျိုးသူရလမ်းရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကို (အခမဲ့) ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။