နတ်မောက်မြို့၌ နှမ်းသီးနှံသုတေသန စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
တရုတ်နိုင်ငံ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၂) အစီအစဉ်ဖြင့်ဆောင်ရွက်ထားသော နှမ်းသီးနှံ သုတေသနစမ်းသပ်ကွက်ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများတက်ရောက်ကြသည်။