မိုင်းဖြတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Box Culvertတစ်စင်းနှင့် ကွန်ကရစ်လမ်း ပြိုကျပျက်စီးမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ၊မိုင်းဖြတ်မြို့နယ်တွင် ဇွန်လ ၆ရက် ညနေပိုင်းမှ ၇ရက် နံနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဈေးတန်း(ကွက်သစ်) ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်သို့ ဆက်သွယ်ဆောင်ရွက်ထားသည့် Box Culvert တစ်စင်းနှင့် ကွန်ကရစ်လမ်း ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဇင်း(၁)လမ်းထိပ်မီးပွိုင့်အနီး၊ အ.ထ.က(ခွဲ)(၅)ကျောင်းအနီးတွင် ကျင်းပပြုလုပ်သည်။

ကလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကလောခရိုင် စီမံအုပ်ချုပ်‎ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး၊ သစ်တောများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဉတုပြောင်းလဲမှုကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင်(၈၆/၅)အနီးတွင် ယနေ့နံနက် ၇ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ မိုးစပါးစိုက်ဧက (၁၁၀၂၆၂) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက (၁၁၀၂၆၂) ဧက စိုက်ပျိုးနိုင်‌ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောင်တရားမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ စန္တာခမ်းပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းကျောင်းဆောင်၌ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်နှင့် ပင်လောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဉ္စာတို့က နောင်တရားမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ယမန်နေ့မွန်းလွဲပိုင်းတွင် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကော့ကရိတ်မြို့၌ မီးလောင်ပျက်စီးသွားသည့် မီးဘေးသင့်အိမ်ထောင်စုများအား ​​ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပေးအပ်

​ကေ့ာကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေများနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အင်တောမြို့၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ စည်ပင်သာယာရေးဌာမှ မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အများပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောက်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်နှင် (၄)ရပ်ကွက်ကြား အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းကို မေ ၃၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်း(ဟိုဖိုင်)​ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

တန့်ယန်းမြို့နယ်တွင် မီးသတ်ရေသယ်ယာဉ်ဝယ်ယူရန် မြို့နယ်အရန်မီးသတ်၌ အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အရန်မီးသတ်၌ အသုံးပြုနိုင်ရန်အတွက် မီးသတ်ရေသယ်ယာဉ် တစ်စီးဝယ်ယူရန် လူမှုကူညီရေးအဖွဲ့မှ ယမန်နေ့က မြို့နယ်အရန်မီးသတ်ရုံး၌ အလှူငွေပေးအပ်လှူဒါန်းခဲ့သည်။
Subscribe to