မုဒုံမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ

မုဒုံ ဇွန် ၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data) အချက်အလက် စာရင်း ကောက်ယူခြင်း၊ (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ရရှိစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာပြီး ဇီဝဆိုင်ရာ  (Biometric) အချက်အလက်များ စာရင်းကောက်ယူ၍ (Database) တွင် သိမ်းဆည်းကာ ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique  ID နံပါတ်ပါကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)