ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ရေးဆွဲ​ဆောင်ရွက်ခဲ့သော Pagoda Digital Directory တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ သမိုင်းဝင်ဘုရားစေတီပုထိုးများ၏ အချက်အလက်များ ထည့်သွင်းနိုင်ရေးဆွေးနွေး

ပြည် ဇွန် ၇

ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ  ရေးဆွဲဆောင်ရွက်ခဲ့သော Pagoda Digital Directory တွင် data များထည့်သွင်းရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ခရိုင် သာယာဝတီခရိုင် နတ်တလင်းခရိုင်များရှိ မြို့နယ်များမှ ရှေးဟောင်းသမိုင်းဝင်ဘုရား‌စေတီပုထိုးများ၏ သမိုင်းဆိုင်ရာအချက်အလက်များရရှိရေး ဂေါပကအဖွဲ့ဝင်များနှင့် ဆွေးနွေးညှိုနှိုင်းခြင်းနှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ ဆောင်ရွက်ထားသော project များပြသသည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(ပြည်) Multifunction Hall ၌ ကျင်းပသည်။

အခမ်အနားတွင် ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာယုဇနက Pagoda Digital Directory  ဆောင်ရွက်ခဲ့မှုနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ကွန်ပျူတာသိပ္ပံမဟာဌာနမှ ကထိကဒေါ်သူဇာဝင်းက Pagoda Digital Directory  အသုံးပြုပုံ လက်တွေ့ဆောင်ရွက်ပုံများကို တက်ရောက်လာကြသူများအား  ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ရွှေဆံတော်ဂေါပကအဖွဲ့အပါအဝင် ပဲခူးတိုင်း(အနောက်ပိုင်း)မြို့နယ်များရှိ သမိုင်းဝင်ဘုရားစေတီများမှ ဂေါပကအဖွဲ့ဝင်များက Pagoda Digital Directory တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ဘုရားစေတီပုထိုးများ၏ Data များ ထည့်သွင်းနိုင်ရေးနှင့် ပေးပို့ရမည့်အချက်အလက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ  ကွန်ပျူတာတက္ကသိုလ်(ပြည်)ဒုတိယပါမောက္ခချုပ်က ဆွေးနွေးမှုများအပေါ်  ပြန်လည်ဖြေကြားဆွေးနွေးပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌အောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့များက ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော Museum Pool Project, Eco Tourism in Pyay,Welcome to Pyay စသည့် ခရီးသွားလုပ်ငန်းအကျိုးပြု information system များ  ကျန်းမာရေး၊ ပညာရေး ကညန စသည့်ဌာနဆိုင်ရာများအတွက် ဆောင်ရွက်ထားသော ဒေသအကျိုးပြုသုတေသန  Project များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ပြည်ခရိုင်နှင့် ခရိုင်အတွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)ရှိ သမိုင်းဝင်ဘုရားစေတီပုထိုးများမှ ဂေါပကအဖွဲ့များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)