2024 World Environment Day ကို ဂုဏ်ပြုသောအားဖြင့် Green Challenge Association ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ ဒုတိယအကြိမ် အပင်စိုက်အစီအစဉ် ကျင်းပမည်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သော 2024 World Environment Day ကို ဂုဏ်ပြုသောအားဖြင့် Green Challenge Association ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ ဒုတိယအကြိမ် အပင်စိုက်အစီအစဉ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ရွှေပြည်သာ ဇွန် ၆ နေမျိုးထွန်း(ပြန်/ဆက်)

သာယာဝတီ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။

တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဥ်ကျင်းပ

ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဥ် အခမ်းအနားကျင်းပခဲ့သည်။

မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘဏ်ခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် နိုင်ငံလုံးဆိုင်ရာ ပရိယတ္တိသာသနပါဒကစာပြန်ပွဲတွင် အောင်မြင်ခဲ့သော သံဃာတော်များအား ဂုဏဝိသိဋ္ဌထူးဂုဏ်တော်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နိုင်ငံလုံးဆိုင်ရာ ပရိယတ္တိသာသနပါဒကစာပြန်ပွဲတွင် အောင်မြင်ခဲ့သော သံဃာတော်များအား ဂုဏဝိသိဋ္ဌထူးဂုဏ်တော်ပူဇော်ပွဲ အခမ်းအနားကို ဒုံအုံးကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကိုယ်ပိုင်မူကြိုကျောင်းတွင် မျက်နှာကျက်အတွင်း သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ကန်အောက်ရပ်ကွက်၊ နယ်မြေ ၉ ၊နှင်းဆီးလမ်းရှိ New Light ကိုယ်ပိုင်မူကြိုကျောင်းတွင် ယမန်နေ့ ည ၇ နာရီခန့်က မျက်နှာ ကျက်အတွင်း သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   မြောက်လွတ်ကုန်းကျေးရွာနှင့် လေသာတောင်သာရပ်ကွက်သို့  သွားရောက်ငှားရမ်းပေးကြပြီး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြသည်။
Subscribe to