ကွတ်ခိုင်မြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း‌ ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်ညှိနှိုင်း‌ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆိုလာခန်းမ၌ ကျင်းပခဲ့သည်။

တုံတာ​မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံး​ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် (ရွာသစ်)အခြေခံပညာအလယ်တန်းကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

မအီမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

မအီမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မအားလပ်နိုင်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မအီမြို့၊  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့ မအီမြို့ရုံးဝန်ထမ်းများမှ သွားရောက်ငှားရမ်း ပေးခဲ့သည်။

လွိုင်လင်ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဒုတိယနေ့ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ကျင်းပပြုလုပ်ပါသည်။

ရွှေတောင်မြို့နယ် အ.ထ.က (ခွဲ) သရက်တောကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အထက (ခွဲ) သရက်တောကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။

မင်းဘူးမြို့ရှိ ကုန်စုံဆိုင်များတွင် စားသုံးဆီနှင့် တပ်မတော်ထုတ် စားသောက်ကုန်များကို ကန့်သတ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ကုန်စုံဆိုင်များနှင့် Super Market အရောင်း ဆိုင်များတွင် စားသုံးဆီနှင့် တပ်မတော်ထုတ် စားသောက်ကုန်များကို ကန့်သတ်ရောင်းခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မင်းဘူးခရိုင် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက အဆိုပါ အရောင်းဆိုင်များတွင် သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ ကန့်သတ်ကုန်စည်များမှအပ ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ်ခွဲခြားရောင်းချခြင်းမပြုရေး စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ စတိုးဆိုင်ကြီးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်၊ စာသောက်ဆိုင်ကြီးများနှင့် တယ်လီဖုန်းအရောင်းဆိုင်များတွင် ကုန်ပစ္စည်းအမျိုးအမည်များ ခွဲခြားရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်းများ ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျောက်မဲမြို့နယ်တွင် ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to