လင်းခေး ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့တွင် ယနေ့နံနက် (၇) နာရီက မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို လင်းခေးမြို့၊ တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့သည်။
စိုက်ပျိုးပွဲတော် မကျင်းပမီ တပ်နယ်မှူးဗိုလ်မှူးကြီး ကျော်ထွန်းလတ်က တပ်နယ်တပ်ရင်းအသီးသီးမှ တာဝန်ရှိသူများထံ ပျိုးပင်များအားပေးအပ်သည်။ ယင်းနောက် တပ်နယ်မှူးနှင့်ဇနီး၊ တပ်နယ်တပ် ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ လင်းခေးခရိုင်၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြသည်။
ယနေ့ စိုက်ပျိုးခဲ့သည့် သစ်ပင်အမျိုးအစားများမှာ ကျွန်း၊ ကုက္ကိုလ်၊ မျောက်ငိုပင်၊ မန်ကျည်းနှင့် လျှော်ဖြူပင် စုစုပေါင်း (၃၀၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။
စိုက်ပွဲတော်သို့ တပ်နယ်မှူးနှင့်ဇနီး၊ တပ်နယ်အတွင်းရှိ တပ်ရင်းများမှ မိသားစုဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)