ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများနှင့် ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုင်းကြီးကျွန်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများနှင့် ကျောင်းသား/သူများ စာသင်ကြားနေမှု အခြေအနေများအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် တာဝန်ရှိသူများသည် ကျောက်ချောင်းကျေးရွာအုပ်စုနှင့် ကံချိုင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေများ၊ ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သောက်ရေသန့်ရရှိမှုအခြေအနေများနှင့် ကျောင်းလုံခြုံရေးအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)