လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အများပြည်သူ အသိပညာပေး Talk Show ကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် “လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရမှုသည် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေရကြရကြောင်း သိရှိစေရန် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။