ဧရာဝတီတိုင်းဒသကြီး ဝန်ကြီးချုပ် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား ကြည်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ အုန်းပင်ကျေးရွာတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့ (၁၀) နာရီက အုန်းပင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သိရသည်။

ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မိုးရာသီသစ်ပင်စိုက်ပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်သည်။

မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆီထွက်သီးနှံ မြေပဲစိုက်ခင်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၉)ရှိ လယ်သီးထပ်ဆီထွက်သီးနှံမြေပဲ ဆင်းပဒေသာ-၁၁ စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွက်လျက်ရှိပြီး အဆိုပါနေရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး ၊ သွန် ၊ လဲ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်  အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မအရှေ့ရပ်ကွက်ရှိ  ကျီးတော်ကုန်းမူလွန်ကျောင်းအတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း(၂၇၉၇)သိန်း ထုတ်ချေးပေးပြီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၉) နာရီအချိန်မှ စတင်ကာ၊ မြေမိကုန်းရပ်ကွက်နှင့် ဆုံကုန်းကျေးရွာအုပ်စု(၂)အုပ်စုတို့အား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ပန်းခင်းစီမံချက်(၃)လုပ်ငန်းများကို မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြောင်းမြမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူး ဒေါ်အေးအေးနှင့်ဝန်ထမ်းများသည် ယမန်နေ့က မြောင်းမြမြို့ သုံးခွကွမ်းခြံကျေးရွာအုပ်စုရှိ ပြည်သူများအားလည်းကောင်း၊ ယနေ့တွင် လက်ထောက်လဝကမှူး ဒေါ်နန့်ခင်ထွေးရင်နှင့် ဝန်ထမ်းများက ကုန်းသာကျေးရွာအုပ်စုရှိ ပြည်သူများအားလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ပျက်စီး၊ ပျောက်ဆုံးများကို အသစ်ပြုလုပ်ပေးခြင်း၊ ရုံးလက်ခံ e-ID စက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားအပေါက်များ ပြန်လည်ဖြည့်သွင်းခြင်းလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to