နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၂၀၂၂-၂၀၂၃ ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

၂၀၂၂-၂၀၂၃ ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းဆေးပညာဖြင့် သွေးတိုးရောဂါကာကွယ်/ကုသရေး အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သွေးတိုးရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး Talk Show ကို၊ ယမန်နေ့ နံနက်(၁၀:၃၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၂) ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်အသင်းပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့်လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်နှင့်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မောက်မယ်မြို့နယ်အ.မ.ကမွေတော်၌ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပုသိမ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၏ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြသည်။
Subscribe to