တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်လုံးကျွတ် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

တပ်ကုန်း ဇွန် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျန်းမာရေးဌာနမှ ရပ်ကွက်လုံးကျွတ် သွေးလွန်တုတ်ကွေးကာကွယ်ရေးစီမံချက်ဖြင့် ဘုရင့်နောင်ရပ်ကွက်တွင် ရပ်ကွက်လုံးကျွတ် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်(၁) ဦးလှထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်ပြာအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၅၃ ဦးတို့က ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁/၂/၃/၄/၅) အတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေအိုးများနှင့် ရေဝပ်နိုင်သည့်နေရာများ၌ အဘိတ်ဆေးခတ်သည့်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်