ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေဝင်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိငမြွေရေလှောင်တမံအား မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရေလှောင်တမံအတွင်းရေဝင်ရောက်မှုနှင့် ရေလှောင်တမံခိုင်ခံ့မှု အခြေအနေ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး လက်တံမြောင်းအတွင်း ဒိုက်၊ နုန်း၊ သဲမြေများဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရမည့် အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။