မြို့နယ်အဆင့်HPVလုပ်ငန်းညှိနှိုင်းအခမ်းအနားနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအား ဆင်ပေါင်ဝဲမြို့၌ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မြို့နယ်အဆင့် HPV လုပ်ငန်းညှိနှိုင်းအခမ်းအနားနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၂၄) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့် တံခွန်စိုက်ပထမဆုရရှိသည့် မြောင်းမြခရိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ စကြာသီဟ စကြာနန္ဒဘုရား ထွန်းညွန့်ရတနာ ဓမ္မာရုံတွင် (၂၄) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် တံခွန်စိုက်ပထမဆုရရှိသည့် မြောင်းမြခရိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၆) ရက်နေ့ညနေ ၆:၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယမန်နေ့က မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့ကြောင်း သိရကာ ယနေ့နံနက် ၆ နာရီအချိန်တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ အထက် တမံရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဆွမ်း၊ ဆန်၊ ဆီများလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ ကျက်သရေဆောင် ဟိုခုံပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ညနေ ၃ နာရီက ဒုတိယအကြိမ် ဝါတွင်းကာလ ဆွမ်း၊ ဆန်၊ ဆီများ လှူဒါန်းပွဲအခမ်းအနားကို ကျင်းပကြောင်း သိရသည်။

မိုင်းစံမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်မိုင်းစံမြို့ ခလရ(၁၅၀) ခြေလျင်တပ်ရင်းမှ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ရဲစခန်းအရှေ့တွင် ရောင်းချပေးခဲ့သည်။

ကျိုက်ထိုမြို့ အ.မ.က (ဇေယျာမွန်တိုးချဲ့) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အ.မ.က (ဇေယျာမွန်) ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကယားပြည်နယ် ဥပဒေချုပ်ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန တတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲလုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အ-ထ-က(လဲချား)တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့ နေ့လယ် ၁ နာရီခွဲက တာဝန်ရှိများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုမြို့ သန့်ရှင်းသပ်ရပ်လှပလာစေပြီး ခရီးသွားများအား ပိုမိုစွဲဆောင်နိုင်သည့် မြို့ပြတစ်ခုဖြစ်လာစေရေး ကွင်းဆင်းစစ်ဆေး

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီက ပူတာအိုမြို့လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to