ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာအား ဖွင့်လှစ်ပေး၊ ကမ်းနားလမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေရာနေရာများ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာတစ်ခုဖြစ်သည့် အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် အောင်ဇေရန်အောင် ဗောဓိတစ်ထောင်ဘုရားဝင်းအတွင်းရှိ အဆိုပါ ဘိုးဘွားရိပ်သာအဆောက်အဦးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးကြသည်။