ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုး သုံးစွဲ​စေ​ရေး အသိပညာပေးခြင်း၊ အသိပညာပေးလက် ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆေးဆိုင်များတွင် ဆေးအာနိသင်ပျက်စီးသော MixtardInsulin ဆေးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်း သုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီခွဲက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သား၊ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများထောက်ပံ့အပ်ခြင်းအခမ်းအနားကို ယမန်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကန့်ဘလူမြို့တွင် သရက်ပြားပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် သရက်သီးများ အများအပြားပေါ်ချိန် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များအား သရက်ပြားပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သရက်ပြားပြုလုပ်ရောင်းချသူများထံမှ သိရသည်။

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာတွင်  သရက်သီးအခြေခံ၍(ယို၊ ဖျော်ရည်၊ ဝိုင်)တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ် ရုက္ခဗေဒဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သရက်သီးအခြေခံ၍(ယို၊ ဖျော်ရည်၊ ဝိုင်) တန်ဖိုးမြှင့်စားသောက်ကုန်  ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် သုံးသီးစိုက် နှံကောက်စပါးမျိုး စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က နှံကောက်စပါးမျိုးအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဖျောက်မြို့ အမှတ်(၃)ရပ်ကွက် ရွှေဉဒေါင်းခန်းမ၌ကျင်းပကြောင်း သိရသည်။

မအူပင်မြို့နယ်ကိုယ်စားပြု ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လူမှုရေးရာဝန်ကြီးတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယမန်နေ့ ညနေ (၄) နာရီက မအူပင်မြို့နယ်ကိုယ်စားပြု ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လူမှုရေးရာဝန်ကြီးမှ တွေ့ဆုံအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ လူမှုရေးရာဝန်ကြီးမှ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံပွဲကို ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီက အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ ရာသက်ပန်ပညာပါရမီအလှူငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ပညာထူးချွန်ထက်မြက်သော ရဟန်း၊ ရှင်သာမဏေများ တိုးများလာစေရန်၊ အင်္ဂလိပ်ဘာသာ စာပေထူးချွန်စွာ တတ်‌မြောက်လာ‌စေရန် ရည်ရွယ်၍ ရာသက်ပန်ပညာ ပါရမီအလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ် (၄) ရပ်ကွက်ရှိ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက် ( ကျောင်းကန်ဘုန်းတော်ကြီးကျောင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to