ပန်းတောင်းမြို့နယ်၌ စုပေါင်း ဇီးပင်စိုက်ပျိုးပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်လျှော့ချနိုင်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ စုပေါင်းဇီးပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က နတ်မောက်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ ကွင်းအမှတ်(၉၆)ရှိ တောင်သူ ဦးလူရင်၏ ယာမြေ(၂.၅၀)ဧကနှင့် တောင်သူ ဦးနေလင်း၏ ယာမြေ (၂.၅၀) ဧက စုစုပေါင်း ယာမြေ(၅.၀၀)ဧကအကွက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။