ပိုင်ကျုံမြို့ အမှတ် (၃) ရပ်ကွက်၌ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး ဆေးစိမ်ခြင်ထောင်များ လက်ဝယ်အရောက် ထောက်ပံ့ပေး
အများပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့် ခြင်အန္တရာယ်နှင့် ပတ်သက်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုင်ကျုံမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူများထံ ဆေးစိမ်ခြင်ထောင်များအား ယမန်နေ့ မွန်းလွဲပိုင်းက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။