မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 

လက်ပံတန်း၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ​မကျီးကွင်းကျေးရွာအုပ်စု၊ အ.ထ.က မကျီးကွင်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့ဝင်များလက်နက်ကျွမ်းကျင်စွာ ပစ်ခတ်နိုင်ရေး (ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်နက်များကျွမ်းကျင်စွာပစ်ခတ်နိုင်ရေး(ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ မိုးဦးကျကာအတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက် ၇ နာရီခွဲအချိန်မှစ၍ မြို့မရဲစခန်းဝင်း၊ အ.ထ.က တနင်္သာရီကျောင်းဝင်းအတွင်းနှင့် ချောင်းကြီးရပ်ကွက်အတွင်း ရေကန်/ရေပုံး/ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် လိုက်လံဆောင်ရွက်ပေးကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံနွေနှမ်း အထွက်နှုန်းတိုးတက်မြင့်မားရေး တောင်သူပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့က ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံများစိုက်ပျိုးရာတွင် စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေမည့် သီးနှံများ စနစ်တကျစိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သည့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ သည်။

နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးများခပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးရာသီကာအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးတို့အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် အခြေခံပညာဦးစီးဌာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတက္ကသိုလ်များ လက်ရွေးစင် ဘော်လီဘောအသင်းနှင့် မအူပင်ခရိုင် လက်ရွေးစင် ဘော်လီဘောအသင်းတို့ ချစ်ကြည်ရေးလက်ရည်စမ်းယှဉ်ပြိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ နိုင်ငံတက္ကသိုလ်များလက်ရွေးစင် ဘော်လီဘောအသင်းနှင့် မအူပင်ခရိုင် လက်ရွေးစင် ဘော်လီဘောအသင်းတို့၏ ချစ်ကြည်ရေးလက်ရည်စမ်းယှဉ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့သည်။

တနင်္သာရီမြို့ မြို့ဦးပရိယတ္တိစာသင်တိုက်၌ (တတိယ)အကြိမ် နေ့ညအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက် သာသနာ့ဟိတဓမ္မာရုံအတွင်း ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၂)ရက်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က (တတိယ)အကြိမ်၊ နေ့ညအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ခန့်ညားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းဆိုင်ရာအသိပေးရှင်းလင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမအတွင်း ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က “သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရန်” ရည်ရွယ်၍ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးကျော်သက်ထူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇင်ဦးချိုနှင့်တပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူ့ကျန်းမာရေးဌာနဆရာမများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက် (၉) နာရီ အချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to