HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် သင်တန်းပေးခြင်းအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲနှင့် သင်တန်းပေးခြင်း အခမ်းအနားကို ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။