တွံတေးမြို့နယ် လက်ပံဂွကျေးရွာအုပ်စုမှ ကျေးလက်ပြည်သူများအား တိုင်းရင်းဆေးဖြင့်​ ဆေးဝါးများ ကုသပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးနှင့်အဖွဲ့သည် လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာသို့သွား ရောက်၍ တိုင်းရင်းဆေးလက်ကမ်းစာစောင်များ ဝေငှကာ ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် သိသင့်သော အချက်များအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်းဆေးကုသပေးခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က စက်ဆန်းကျေးရွာ၊ ပညာစံအိမ်ကျေးလက် စာကြည့်တိုက်ခန်းမ၌ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာတွင် မြေယာပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းပညာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်တန်းမြို့နယ်၌ မြေယာပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းပညာများ အသိပညာပေးဟောပြောပွဲကို မင်္ဂလွန်းကျေးရွာ ဘုန်းကြီးကျောင်း၀င်း ဓမ္မာရုံတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှင့် Korea Real Estate Service Development Association တို့သဘောတူလက်မှတ်ရေးထိုး

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အသင်းအနေဖြင့် အသင်း၏ (ဗဟို) ဥက္ကဋ္ဌဦးခင်းမောင်သန်း၏ ဦးဆောင်မှုဖြင့် ပြည်တွင်းသာမက အာဆီယံနိုင်ငံများအထိ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်အောင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံက်ပိုင်တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှင့် Korea Real Estate Service Development Association တို့သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ကလေးမြို့၊ စကားလှဘုန်း‌တော်ကြီးကျောင်းတွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲများဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲများကို စကားလှဘုန်း‌တော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း)သို့ နာရေးပန်းကား (ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တာ ပေးအပ်လှူဒါန်း

သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း)သို့ “နာရေးပန်းကား(ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တ္တာ(Cool Box)” ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ (၄) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းနှင့် သင်္ဃန်းကျန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းတို့၌ နေ့စဉ်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယ‌‌မန်နေ့ နံနက် (၇) နာရီခွဲက ဒဂုံမြို့သစ်ခရိုင် ကိုယ်စားပြုအသင်းနှင့် မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ရာ ဒဂုံမြို့သစ်ခရိုင် ကိုယ်စားပြုအသင်းက မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းကို (၁) ဂိုး ဂိုးမရှိ အနိုင်ရရှိ‌သည်။

ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် ဟေမဝန်ဓမ္မာရုံ၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ လမ်းဘေး ဝဲ၊ ယာ တွင် ယမန်နေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးမှုပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လမ်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၇) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ် (abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to