ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၈၃၀) ကြိမ်ရှိလာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ - ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၈၃၀) ကြိမ်ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။

သံဖြူဇရပ်မြိုနယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှအဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပခဲ့သည်။

ကျွန်းလှ၌ “ လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးသင်တန်း  (အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးရန် ရည်ရွယ်၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက အခြေခံကရာတေးသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။

လားရှိုးမြို့တွင် သဘာဝဘေးအန္တရာယ်တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်

ရေဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်မည့် အခြေအနေများရှိပါက ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားရန်၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကူညီရွှေ့ပြောင်းရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီးမံချက်များ ရေးဆွဲထားပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုအခြေအနေများ သရုပ်ပြအခမ်းအနားကို ယမန့်နေ့ ညနေ ၂ နာရီအချိန်က လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံးဝင်းအတွင်းတွင် ကျင်းပသည်။

ဒိုက်ဦးမြို့နယ်တွင် Biometric (ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ဇွန်(၂)ရက်နံနက်ပိုင်း၌ ဖအောင်ဝဲကျေးရွာဓမ္မာရုံ၊ ဆင်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကုက္ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့၌ ပြည်သူများအား Biometric (ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

ကမာဝက်မြို့၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်သည်။

သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်သူများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းကို ရန်ကုန်ဘဆွေ၏ “သေသော်မှတည့်‌ ‌ဪကောင်း၏” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်  Communty Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကျွန်းလှ၌ ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးကြည်ဝင်း၏ ယာမြေ(၃)ဧက၌ ယနေ့နံနက် ၇ နာရီက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပခဲ့သည်။
Subscribe to