မိုင်းဖြတ်မြို့နယ်၌ ဒေသတွင်းစိမ်းလန်းစိုပြည်စေရေး ပျိုးပင်ပေါင်း ၃၀၀၀၀ ပျိုးထောင်ထားရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်များကို(အခမဲ့)ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပျိုးပင်ပေါင်း ၃၀၀၀၀ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။