ကသာခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီဝင်များ ကွင်းဆင်းဆောင်ရွက်

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်လူငယ်မောင်မယ် (၄၀၀) ဦးအား မင်းကုန်း ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မင်းကုန်းရပ်ကွက်အတွင်းရှိ မင်းကုန်းပရိယတ္တိစာသင်တိုက်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ မင်းကုန်းဓမ္မစကူးလ်သင်တန်းကို တနင်္ဂနွေနေ့ အပတ်စဉ်တိုင်း ဗုဒ္ဓဘာသာသင်တန်းကျောင်း ဖွင့်လှစ်ရာတွင် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သားသမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ငြိမ်းချမ်းသာယာသော လူအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်ရုံး၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)မှ ကြီးမှူးဖွင့်လှစ်သော သတင်းရေးသားနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်အား ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ်(၃)ရှိ Myan Oil Terminal Company Limited ဝန်းအတွင်းရှိ Ware House ၌ ယမန်နေ့ နံနက် ၁၀နာရီက စတင်ဆောင်ရွက်ပေးခဲ့သည်။

မအူပင်မြို့၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စုတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

မင်းလှမြို့၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် (၉) နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်သမဝါယမဦးစီးဌာနရုံးတို့တွင် ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် (PPTT)အမှတ်စဉ် (၁၁/ ၂၀၂၄) ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲ ကျင်းပ

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၁/၂၀၂၄) ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to