စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စဉ့်ကိုင် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက်လျက်ရှိပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်ပွဲများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် နောင်တွင်လည်း မကြာခဏ ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲများအား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနာယက ဦးသန်းအောင်က ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာပြီး  စာအုပ်စာစောင်များမှ အသိပညာဗဟုသုတများ ရရှိစေသည့်အပြင်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်းဖိုးထားတတ်လာမည့် လုပ်ငန်းများဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်(Book Club)အသင်းအဖွဲ့ဥက္ကဋ္ဌ ဦးသန်း၀င်း (ပညာရေး)၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုကို(ဝင်းမောင်မောင်ပန်းလောင်လွင်ပြင်)၊ ဒေါ်မိုးမိုး၊ ဒေါ်နီနီ၊ ဦးထွန်းမြင့်၊ ဦးအောင်ဆန်းတို့က ပြိုင်ပွဲဝင် ကျောင်းသား/သူများ ပြိုင်ပွဲဝင်ရာတွင် အဆင်ပြေချော့မွေ့အောင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)