ပန်းတောင်းမြို့နယ်၌ စုပေါင်း ဇီးပင်စိုက်ပျိုးပွဲကျင်းပ

ပန်းတောင်း ဇွန်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်လျှော့ချနိုင်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ စုပေါင်းဇီးပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က နတ်မောက်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ ကွင်းအမှတ်(၉၆)ရှိ တောင်သူ ဦးလူရင်၏ ယာမြေ(၂.၅၀)ဧကနှင့် တောင်သူ ဦးနေလင်း၏ ယာမြေ (၂.၅၀) ဧက စုစုပေါင်း ယာမြေ(၅.၀၀)ဧကအကွက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းဇီးပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးလှိုင်ထူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးဖြင့် ဇီးပင် (၅၀၀) ပင်အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)