လားရှိုးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

လားရှိုး ဇွန် ၁၀

လားရှိုးတက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လားရှိုးတက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြသည်။

ထို့နောက် ဘောလီဘောပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမပွဲစဉ်အဖြစ် ဝိဇ္ဇာညွန့်ပေါင်းအသင်းနှင့် ရူပဗေဒအသင်းတို့ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ အမျိုးသား ၆ သင်း၊အမျိုးသမီး ၅ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)