မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဖူလုံမှုရှိစေရေး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်

မိုင်းရယ်   ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် စုပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ စားသုံးဆီဖူလုံမှုရှိစေရေးတို့အတွက် ယမန်နေ့က ရပ်ကွက်များအတွင်းရှိ စားသုံးဆီထုတ်လုပ်သည့် စက်ရုံများ၊ မြို့မဈေးကြီးနှင့် ကုန်စုံဆိုင်များတွင် သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီထုတ်လုပ်သည့် စက်ရုံများသန့်ရှင်းမှုရှိစေရေး၊ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး၊ စားသုံးသူ(End User)များ ဝယ်ယူသည့်အချိန်ထိ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ကြပြီး မိုင်းရယ်မြို့နယ်တွင် စားအုန်းဆီ တစ်ပိဿာ ၁၀၀၀ဝိ/ ကျပ်၊ ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၂၀၀ဝိ/ ကျပ်၊ ပဲဆီ(ရှယ်) တစ်ပိဿာ ၁၆၀၀ဝိ/ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)