နောင်ချို ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအ.ထ.က-ခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ “ဘာမှမလုပ်ရင် ဘာမှမရဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နောင်တောကျေးရွာအ.ထ.က-ခွဲ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် Youth Club အဖွဲ့ဝင် Grade-11 မှ မောင်စည်သူဖြိုးက “မရ ရအောင်ပြန်ထပါ “ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 မှ မောင်ပြည့်ဖြိုးဇော်က “မပျံသန်းနိုင်တဲ့ငှက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမနန်းဆုလတ်လွင်က ပတ်ဝန်းကျင်ကိုကြည့်ပြီး အားမငယ်ပါနှင့်ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း (Youth Club)တို့ဖြင့် အသိပညာပေးစာဖတ်ဝိုင်းများကို Community Centre ၌သာမက စာသင်ကျောင်းများသို့လည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်