သရက် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက စားသုံးဆီရောင်းချနေသည့် ဈေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)