သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်လေ့လာသည့် ပြည်ပနိုင်ငံခြားသားဧည့်သည်များအား ဇုန်ဝင်ကြေးအဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ပြည်ပဧည့်သည်တစ်ဦးလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့်ကောက်ခံခဲ့ပြီး လည်ပတ်ခွင့် (၅) ရက်ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုအခါပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်ပနိုင်ငံခြားသားဧည်သည်များအတွက် ဝင်ကြေးကောက်ခံသည့် နှုန်းထားကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပြည်ပနိုင်ငံသားတစ်ဦးလျှင် ဇုန်ဝင်ကြေး (၃၀၀၀၀) ကျပ်သို့ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ပြီး နေထိုင်လည်ပတ်ခွင့်သက်တမ်းကိုလည်း (၃) ရက် (၇၂) နာရီပြင်ဆင်သတ် မှတ်၍ (၃) ရက် ထက်ကျော်လွန်ပါက ဇုန်ဝင်ကြေး ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။