ကရသူရိမြို့၌ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်/စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းကို စက်တင်ဘာ ၂၁ရက်နေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။