ကျိုက်လတ် ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက သဗြုဆိပ်ညောင်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့်အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ လူငယ်နှင့် အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ ထူးခြားသည့်ဝိ သေသများ၊ အားကစားနှင့်ကာယပညာ သိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့် အချက်အလက်များ အကြောင်းတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(သဗြုဆိပ်ညောင်းချောင်း)မှ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်