ရပ်စောက်၌ မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူများ အခက်အခဲမရှိစေရေး သွင်းအားစုများထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့မှ မေတ္တာမွန် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းသားများသို့ မြို့နယ် သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူ (၂၃)ဦးတို့၏ (၁၀၅)ဧကအတွက် (၂၁၀)သိန်းနှင့် ညီမျှသော သွင်းအားစုများထောက်ပံ့ ပေးအပ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။

လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မူးယစ်ဆေးနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ မူးယစ်ဆေးနှင့်ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

လွိုင်လင်မြို့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ ကျင်းပ

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre )ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဒေါ်စိုးစိုးမော်မှ ကလေးသူငယ်ဥပဒေဆိုင်ရာအကြောင်းအသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ဘင်လှိုင်အောက် အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက် ခဲ့ကြ‌သည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ် ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သားမွေးချောင်းရိုးပေါ်တွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် တာဘောင်ဖို့ခြင်း လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စကုမြို့ရှိ သားမွေးချောင်းရိုးပေါ်တွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် တာဘောင်ဖို့ခြင်းလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးပြီး တောဘိုကုန်းကျေးရွာ တောင်သူ ဦးစံမောင်၏ နှမ်း (ဂျပန်ဖြူ) ဘောင်တင်စိုက်နည်းစနစ် သရုပ်ပြစိုက်ခင်းကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

မိုးနဲမြို့မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ် (တောင်းပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အ.မ.က(မူလွန်)ဆေးရုံရပ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြောက်ဥက္ကလာပဆေးရုံကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ မေဓါဝီလမ်းရှိ မြောက်ဥက္ကလာပဆေးရုံကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၇  နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to