စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိမာန်တော် အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုးမိုတယ်”ဖွင့်ပွဲ အခမ်းအနား ကျင်းပ
စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိမာန်တော်အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုး မိုတယ်” ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး မုဒ်ဦးရှေ့တွင်ကျင်းပရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။