မြေပုံမြို့နယ်၊ ထူးချေကျေးရွာ အုပ်စုနေပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ကျေးရွာအရောက် လက်လီရောင်းချ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့် ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က ထူးချေကျေးရွာအုပ်စုရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

ချီဖွေမြို့နယ်၊ အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချီဖွေမြို့နယ် အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

နမ့်စန်တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူများကို အာဟာရတိုက်ကျွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Sunjin Myanmar Company တို့ ပူးပေါင်း ပြုလုပ်သော School Milk Program အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာ Mဇော်မိုင် နှင့် Sunjin Myanmar Company မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

နမ့်စန်တွင် ဒေသခံတိုင်းရင်းသားများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစစ်ဆေးပေးနေမှုကို အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ကြည့်ရှုအားပေး

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပိန်း ကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာအနီးရှိ လာဘသိဒ္ဓိ(ဘုရားဖြူ)စေတီဓမ္မာရုံတွင် ဝမ်ပိန်း၊ ဟိုင်းနားကြီး၊ ဟိုရမ်း၊ ဘန့်ဟင်နှင့် မိုင်းစိတ်ကျေးရွာအုပ်စုတို့မှ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံ ဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှူအားပေးခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့်ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင်များအလိုက် အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (လားရှိုး) မှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)က (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့၊ အမှတ် (၉) ခုတင် (၁၀၀) တပ်မတော်ဆေးရုံနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပသည်။

လားရှိုးမြို့၊ ကန်မိန်းကျောင်းတိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ကန်မိန်းကျောင်းတိုက်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် မိုးစပါး ၃၇၂၈၈ ဧက စိုက်ပျိုးပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားချက်ပြည့်မီ အောင် စိုက်ပျိုးနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ ယခုနှစ် မိုးစပါးစိုက်ဧက(၃၇၀၆၀)ဧကလျာထားခဲ့ပြီး (၃၇၂၈၈)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား)ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ကလပ်ပေါင်းစုံ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်သည်။
Subscribe to