ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံငါးမွေးမြူရေး၊ ဆေးထိုးသားပေါက်နည်းပညာပေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် နည်းပညာပေးသင်တန်းဖွင့်လှစ်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ လူမှုစီးပွားဘဝ မြင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက် အခြေခံငါးမွေးမြူရေး၊ ဆေးထိုးသားပေါက်နည်းပညာပေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။