ဘားအံတက္ကသိုလ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကရင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဦးတင်ထွဋ် တပ်ကုန်းမြို့နယ် နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဦးတင်ထွဋ်နှင့်တောင်သူများတွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၁၉)၊ တောင်သူဦးတင်ထွန်းအောင်၏ နွေစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ပျိုရွယ်သူ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပျိုရွယ်သူ အမျိုးသမီးငယ်များ ကျန်းမာရေး ဗဟုသုတ ပြည့်စုံစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ပျိုရွယ်သူကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီး‌ကော်မတီဝင်အလှူရှင်များ ဆွမ်းဆန်၊ ဆီနှင့်စာရေးကိရိယာများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီဝင်အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်၊ ဆီနှင့်စာရေးကိရိယာများ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း များကို ယမန်နေ့ နေ့လယ်(၂)နာရီက ပြုလုပ်သည်။

၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ရေကူးအဖွဲ့အား ဂုဏ်ပြုပွဲကျင်းပ

၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးရေကူးအဖွဲ့အား ဂုဏ်ပြုသည့် ဂုဏ်ပြုပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ၊ ပဒေသာ အားကစားခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့မှ ဆုရအားကစားသမား တက်ရောက်ခဲ့ကြသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၌ အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရုံသာမက လူ့ပတ်ဝန်းကျင်၊ လူ့အသိုက်အဝန်း၌ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စာကြည့်တိုက်ခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ဂွေးတောက်မြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများနှင့် ယမန်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းဆွေးနွေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to