ညောင်တုန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ အမျိုးသားစီမံကိန်းဝင်သီနှံများ လျာထားဧကပြည့်မီကျော်လွန်၍ အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက အမျိုးသားစီမံကိန်းဝင်သီနှံများ လျာထားဧကပြည့်မီကျော်လွန်၍ အထွက်နှုန်း တိုးတက်စေရေး အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးစိုးမိုးအောင်နှင့် ဆီထွက်သီးနှံအထူးဇုန်(၂) တာဝန်ခံ ဒေါ်တင်လဲ့လဲ့ဦးတို့က ဆီထွက်သီနှံ အထူးဇုန်းများ သတ်မှတ် ဆောင်ရွက်မှုနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးလူချောနှင့် တွဲဖက်အတွင်းရေးမှူးဦးလှမျိုးတို့ မြို့နယ်အတွင်းရှိ စီမံကိန်းဝင်သီနှံများ လျာထားဧက ပြည့်မီကျော်လွန်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေးတို့အတွက် တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး စည်းရုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြောကြားပြီး ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီနှံအထူးဇုန် လျာထားပြည့်မီကျော်လွန်စေရေးနှင့် တစ်ဧက အထွက်နှုန်းတိုးတက်စေရေး အတွက် မြေပဲ(၉၆၅)ဧက၊ နှမ်း(၁၀)ဧကနှင့် နေကြာ(၆၈၉၇)ဧကကို အထွက်နှုန်းတိုးတက်စေရေး တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စုများထံ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)