ဘီးလင်း ဇွန် ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ဘီးလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးမင်းကိုကိုနိုင်က တောင်ကြီးကျေးရွာမှ တောင်သူ(၉)ဦးအား တစ်ဧကလျှင်ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် လယ်မြေဧက(၆၆)ဧကအတွက် ငွေကျပ်(၉၉)သိန်းကို တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရန် ကျေးရွာ ၂၆ ရွာရှိပြီး မိုးစပါးစိုက်ဧက (၉၆၃၀) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၁၄၄၄၅) သိန်း ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)